လှိုင်းဘွဲ စက်တင်ဘာ ၁၄
၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး(၄၀၂)ဦး၊ အဘွား(၆၀၀)ဦး၊ စုစုပေါင်း(၁၀၀၂)ဦး အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ(၃၀,၀၆၀,၀၀၀) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းအား ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားတက်ရောက်လာသော အဘိုး/အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို တစ်ဦးချင်းစီနှုတ်ဆက်ဂါရဝပြု၍ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသက် (၈၅) နှစ်အထက် အဘိုး/အဘွားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)