သရက်ချောင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဂွေးချိုသီးပင်များစိုက်ပျိုးရာမှ မိသားစုအပိုဝင်ငွေရရှိ

သရက်ချောင်း   အောက်တိုဘာ   ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများအကြားတွင် သီးညှပ်ပင်အဖြစ် ဂွေးချိုသီးပင်များစိုက်ပျိုးကြရာ မိသားစုဝမ်းစာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်တွင် ဂွေးချိုသီးပင် စိုက်ပျိုးရာတွင် ရေခံ၊မြေခံကောင်းသော နေရာများတွင်သာ စိုက်ပျိုးမှ အောင်ဖြစ်ထွန်းကြောင်း၊ ဂွေးချိုသီးပင်သည် ရာသီမရွေးအသီး သီးကြောင်း၊ ဂွေးချို သီးပင်စိုက်ပျိုးရာတွင် မြေသြဇာပေး၍ စနစ်တကျပျိုးထောင်ရခြင်း၊ ရေကိုလုံ လောက်စွာပေးရကြောင်းသိရပြီး သရက်ချောင်းမြို့နယ်တွင် ဂွေးချိုသီးတစ်လုံးလျှင် ၅၀ ကျပ်မှ ၁၀၀ ကျပ်အထိ စျေးရရှိပြီး မြို့ပေါ်စျေးများနှင့် စျေးဆိုင်များသို့ရောင်းချလျက်ရှိကြောင်း ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်သူ တောင်သူတစ်ဦးထံမှ သိရသည်။

သားကြီး(သရက်ချောင်း)