အမရပူရ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲနှင့်ပတ်သက်၍ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဦးစီးအရာရှိနှင့် စာကြည့်တိုက်တာဝန်ခံ ဒေါ်သန္တာထွန်းတို့က အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။ ထို့နောက် ဆုရ ကျောင်းသား၊ ကျောင်းသူလေးများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုးသီဟ