မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်အတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုးပေးလျော်သည့် အခမ်းအနား တက်ရောက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်အတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုးပေးလျော်သည့် အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။