ဘားအံမွေးမြူရေးဇုန်၌ တိုးပွားသဘာဝ မြေဩဇာစက်ရုံနှင့် ဩဇာမင်းသဘာဝ မြေဩဇာစက်ရုံဖွင့်ပွဲကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းဓာတ်မြေဩဇာ သုံးစွဲခြင်းကိုလျော့ချ၍ သဘာဝမြေဩဇာများကို တွင်ကျယ်စွာအစားထိုးပြောင်းလဲ သုံးစွဲလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု၊ ဘားအံမွေးမြူရေးဇုန်ရှိ တိုးပွားသဘာဝမြေဩဇာစက်ရုံနှင့် ဩဇာမင်းသဘာဝ မြေဩဇာစက်ရုံဖွင့်ပွဲတို့ကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါစက်ရုံများ တည်နေရာ၌ ကျင်းပသည်။