ကျုံပျော်မြို့ ပင်လုံရပ်ကွက်၌ ဖုန်းအားသွင်းရာမှ အပူလွန်ကဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

ကျုံပျော်  ဒီဇင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်စခန်းနှင့် တစ်မိုင်ခန့်ကွာဝေးသော ပင်လုံရပ်ကွက် မန်းကျောင်းလမ်း၌ ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန်က ဖုန်းအားသွင်းရာမှ အပူလွန်ကဲမှုကြောင့် လူနေအိမ်သုံးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ မီးသတ်စခန်းသို့ ည ၈ နာရီ ၄၇ မိနစ်အချိန်တွင် သတင်းပေးပို့သဖြင့်  မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးတို့က သွားရောက် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၅၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၉  နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုအကြောင်းအရင်းမှာ မန်းကျောင်းလမ်းရှိ ဦးကိုကိုနိုင်၏ နေအိမ်တွင် ဖုန်းအားသွင်းနေစဉ် အပူလွန်ကဲပြီး ဖုန်းဘက်ထရီပေါက်ကွဲကာ အောက်ဘက်ရှိ အခင်းဖျာအား  မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ မီးလောင်မှုကြောင့် လူနေအိမ် (၃)လုံး ပျက်စီးဆုံးရှုံးကာ၊ ဆုံးရှုံးမှုတန်ဖိုး (၁၇၇၀၀ဝ)ကျပ်ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိ‌ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသော နေအိမ်ပိုင်ရှင် ဦးကိုကိုနိုင် အသက်(၃၆)နှစ်အား ကျုံပျော်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)