နမ့်စန်(တ) ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီကိုယ်စားလှယ်များရှေ့တွင် ကြိုတင်ဆန္ဒမဲပုံးများအလွတ်ဖြစ်ကြောင်း ပြသပြီး လုံခြုံရေးကြိုးတပ်ဆင်ပိတ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မဲရုံအလိုက် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ကြမည့်သူများနှင့် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများက မိမိတို့သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ကြိုတင်မဲပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ကြိုတင်မဲပေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအလိုက် လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၈ ရက်မှ ၂၇ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် (၁၁) ခုနှင့် ကျေးရွာအုပ်စု (၂၀) ခုတို့၌ ဒုတိယအကြိမ် ကြေညာသည့်မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၈၄၉၁၁ဦး ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)