မဟာအောင်မြေ ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကျင်းပခဲ့သည်။
မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မိသားစုဘောလုံးဖိတ်ခေါ်ပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဘောလုံးဆပ်ကော်မတီအဖွဲ့တို့မှ ကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံပြိုင်ပွဲကို အသင်း (၁၀)သင်းဖြင့် ဒီဇင်ဘာ ၁၇ ရက်နေ့မှ စတင်ကျင်းပပေးခဲ့ရာ ယနေ့တွင် ရတနာ(FC)အသင်းနှင့် CMO(FC)အသင်း၊ မဟာအောင်မြေလူငယ်အသင်းနှင့် LYG(FC)အသင်းတို့ စည်းကားသိုက်မြိုက်စွာ ယှဉ်ပြိုင်းကစားသွားမည်ဖြစ်ကြောင်းနှင့် လာရောက်ကြည့်ရှုသူများအား (အခမဲ့)ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရပြီး ပြိုင်ပွဲများကို ဒီဇင်ဘာ ၁၇ ရက်နေ့မှ ဇန်နဝါရီ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
အောင်ဇော်မင်း