ကာလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်

ကာလိ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်တွင် စာရေးဆရာ ကိုရွှေအောင်သင်း ရေးသားထားသော " လူငယ်နှင့် မိဘမေတ္တာဘွဲ့စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က "သည်းကာရွှေမိုး ငြိုးတော့တယ်" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး ၊ ကာလိနယ်မြေတပ်ရင်း မိသားစုဝင်များ ဖြစ်သည့် ဒေါ်ယဉ်မွန်ဌေး က "ဒုတိယအဖေ"  ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဒေါ်သဲအိစံ က "မျက်နှာချင်းဆိုင် ရေစီးများ" ခေါင်းစဉ် ဖြင့်လည်ကောင်း၊ ဒေါ်မြင့်မြင့်စိုး က"အမေ့ထမီ" ခေါင်းစဉ် ဖြင့်လည်ကောင်း၊ ဒေါ်သင်းသင်းဦး က "ထိုက်တန်သည့် လက်ဆောင်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဒေါ်ခိုင်ခိုင်ဦး က "သမီးကြီး" ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့်  စုစုပေါင်း အင်အားမှာ (၂၅) ဦးခန့် ဖြစ်ပါသည်။

ထို့နောက် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခဲ့ခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ဆိုင်ရာ နံရံကပ်စာစောင်များပြသခဲ့ပြီး  တက်ရောက် လာသူများမှ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)