နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ ဆက်ကပ်ချီးမြှင့်အပ်နှင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းရာတွင် ပါဝင်ခဲ့သော ကရင်ပြည်နယ်မှ ဆရာတော်ကြီးနှစ်ပါးအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့က သီရိပျံချီ ဂုဏ်ထူးဆောင်ဘွဲ့ကို ဆက်ကပ်ချီးမြှင့်အပ်နှင်းသည်။

ကျွန်းစုမြို့၌ ကလေးငယ်များအား Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့တို့ပူးပေါင်း၍ ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ ပြုလုပ်နည်းသင်တန်းကို ယနေ့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

လပွတ္တာမြို့နယ်၌ ရက်(၉၀) စပါးမျိုးစိုက်ခင်းနှင့် Super Sun (41) နေကြာမျိုးစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်မော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာရှိ ရက်(၉၀) စပါးမျိုးစိုက်ခင်းနှင့် Super Sun(41) နေကြာမျိုးစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ယနေ့နံနက် (၉) နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ ဘူမိနယ်မြေ (၅) တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များကို လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်ရှိ ပုပ္ပားတောင်သည် နှစ်သန်းပေါင်းများစွာက မီးတောင်ရှင်တစ်လုံးဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာများ၊ ချော်တုန်းချော်ခဲများ နှစ်ကာလကြာမြင့်လာချိန် အသွင်ပြောင်းလာရာမှ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ဆိုင်ကျောက်သားများ ဖြစ်လာကာ ပုပ္ပားတောင်မကြီးရှိ ကျောက်ဆိုင်ကျောက်သားများ ထက်နှစ်သက်တမ်းပိုစောသည့် ဘူမိနယ်မြေ (၅) အဖြစ် သတ်မှတ်ထားသော ကိုင်းကျေးရွာနှင့်မြိုင် သာယာကျေးရွာကြား ကျောက်ပန်းတောင်း - မိတ္ထီလာကားလမ်းမကြီးဘေးရှိ တောင်နီတောင်မှာရှိသည့် တောင်နီတောင်ချယ်ဆီဒိုနီနှင့် မြေစေးတွင်းထွက်များကို စိတ်ပါဝင်စားသူ မည်သူမဆို လေ့လာနိုင်ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ် (၂) ၌ ကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး) တွင် နဝမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာနှင့်ပထမအကြိမ် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နဝမအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေး ဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဒီပလိုမာလက်မှတ် အပ်နှင်းခံရသည့် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဒေးဒရဲမြို့နယ် သံဒိတ်ကျေးရွာ၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ရည်ရွယ်၍  လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက သံဒိတ်ကျေးရွာအုပ်စု၊  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းခရိုင် (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကညွတ်စိုက်ပျိုးခြင်းနည်းပညာ‌ပေးသင်တန်းနှင့် နေကြာသီးနှံကွင်းသရုပ်ပြပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊‌ စိုက်ပျိုး‌‌ရေးဦးစီးဌာန ကော့သောင်းခရိုင်၊ (၁၀)မိုင်စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကညွတ်စိုက်ပျိုးခြင်းနည်းပညာ‌ပေးသင်တန်းနှင့် နေကြာသီးနှံကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကော့သောင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦး သန့်ဇင်၊ မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ (၇)မိုင်ကျေးရွာ၊ ဆယ်မိုင်ကျေးရွာ၊ ဘန်းကချွန်နှင့် မလိဝမ်းကျေးရွာမှ ရပ်မိရပ်ဖအကျိုးဆောင်တောင်သူများ၊ ကော့သောင်းမြို့ အမှတ်(၂) စိုက်ပျိုး၊ မွေးမြူရေးတွဲဖက်အထက်တန်းကျောင်းမှ စိုက်ပျိုး/မွေးမြူရေးဘာသာရပ် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

ရေစီးရေလာကောင်းမွန်စေရန် မြစ်သားမြို့နယ်အတွင်းရှိ ရေဆိုးထုတ်မြောင်းများအား ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်

မန္တ​လေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်‌စေရန်အတွက် ရေဆိုးထုတ်မြောင်း များအား လူအင်အား၊ စက်ယန္တရားများဖြင့် ရေဆိုးထုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်‌စေရန် တူးဖော်‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to