မိုးညိုမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မိုးညို ဒီဇင်ဘာ ၃၁

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်းထမ်းများက ယမန်နေ့တွင် မြို့ပေါ်အခြေခံပညာကျောင်းများသို့ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့သည်။

အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်တွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်း၊ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)၊ လွတ်လပ်ရေး၏အဓိပ္ပါယ် (၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးတွင်ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်)၊ လွတ်လပ်ရေးဆိုသည်မှာ(ကဗျာ)၊ ဓါတ်ပုံ၊ ကာတွန်းနှင့်ဆောင်ပုဒ်များပါဝင်‌ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)