သန်လျင် မေ ၂၅
သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျေးရွာများတွင် အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင်စီးပွားဖြစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သန်လျင်မြို့နယ် ကဒတ်ဖြာကျေးရွာတွင် လူသုံးကုန်ပစ္စည်းပြုလုပ်နည်းသင်တန်းအား မေ ၂၂ ရက်နေ့မှစ၍ သင်တန်းသား(၂၀)ဦးအား သင်တန်းကာလ ၅ ရက်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ သန်လျင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်အေးအေးကြူက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်၊ ရရှိလာမည့်အကျိုးကျေးဇူးနှင့် အသိပညာဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)