မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေများပေးအပ်

မင်းဘူး မေ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းသားသမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းသားသမီးအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဝန်ထမ်းများ လစဉ်ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)ကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပညာသင်စရိတ် ထောက်ပံ့ငွေများကိုပေးအပ်ရာ တက္ကသိုလ်အဆင့် ကျောင်းသား/ ကျောင်းသူ (၄)ဦးအတွက် တစ်ဦးလျှင် ၅၀၀၀၀ ကျပ်နှုန်း၊ အထက်တန်းအဆင့် (၃)ဦးအတွက် တစ်ဦးလျှင် ၄၀၀၀၀ ကျပ်နှုန်း၊ အလယ်တန်းအဆင့် (၂)ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်း၊   မူလတန်းအဆင့် (၁၂)ဦးအတွက် တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁)ဦးကို မင်းဘူး ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)