လက်ပံတန်း မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စျေးကွက်အတွင်း ရောက်ရှိနေသော တရားမဝင်ဆေးဝါးများဆိုင်ရာ အချက်အလက်မြေစိုက်ပိုစတာစိုက်ထူခြင်းကို လက်ပံတန်းမြို့ မြို့မစျေး၊ ဘူတာနှင့်ကားဂိတ်များတွင် ယနေ့နံနက် ၁၀ နာရီက စိုက်ထူခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အဆိုပါမြေစိုက်ပိုစတာတွင် အင်္ဂလန်နိုင်ငံရှိ Astra Zeneca Company မှထုတ်လုပ်သော Crestor 10mg အမျိုးအစားဆေးဝါးအား စျေးကွက်အတွင်းတွင် တရားမဝင်ရောင်းချမှုနှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စိစစ်ချက်အပေါ် ဦးဆောင်ကော်မတီအဖွဲ့က "တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့် စစ်ဆေးရေးစခန်းများသို့ Crestor 10mg Tablet အစစ်/အတု ပုံအပြင် တရားမဝင်ဆေး(၁၇)မျိုးပုံစံများအား Colour ဖြင့် ရှင်းလင်းပြတ်သားစွာပြသထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)