ပဲခူးမြို့၌ တန်ဆောင်တိုင် တေးဂီတဖျော်ဖြေပွဲတစ်ရက်ထပ်တိုး ကျင်းပပြုလုပ်ပေးခဲ့
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ ဒေသခံပြည်သးများ၏ တောင်းဆိုမှုကြောင့် တန်ဆောင်တိုင် တေးဂီတဖျော်ဖြေပွဲအား ယမန်နေ့ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။