မော်လမြိုင်ကျွန်းမြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းတူးဖော်ပေး

မော်လမြိုင်ကျွန်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက် (၁၃) လမ်းအားနှင့် နေရှင်နယ်အခြေခံမူလတန်းကျောင်း ပတ်ဝန်းကျင်တွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ယနေ့န့နက်ပိုင်းက ရေနုတ်မြောင်း တူးဖော်ပေးခဲ့သည်။

အဆိုပါ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်ပေါ်စေရန်အတွက် ရေနုတ်မြောင်းများတူး ဖော်ပေးခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် တူးဖော်ခြင်းလုပ်ငန်းများအား စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး  ဦးမင်းဇော်၏ ပြောကြားချက်အရသိရသည်။

ရဲကိုမောင်