မန်ကန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်အကြို နယ်လှည့်ဟောပြောပွဲ၊ စာအုပ်စာစောင်ငှားရမ်းခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မန်ကန် ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်ဟောပြောပွဲ၊ စာအုပ်စာစောင်ငှားရမ်းခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မန်ကန်မြို့နယ်၊ မန်ပန်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မန်ပန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများများအား မန်ကန်မြို့ရုံး တာဝန်ခံ ဒေါ်အေးကပ်က ဟောပြောရာတွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာမည့် ရောဂါလက္ခဏာများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူယစ်ဆေးဝါးကို ရှောင်ရှားသင့်သည့် အချက်များအား ဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သတင်းစကား လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးကပ် (ပြန်/ဆက်)