ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်း ပလတ်စတစ်အစား ငှက်ပျော ဖက်၊ ကြာဖက်၊ အင်ဖက်၊ သတင်းစာစက္ကူများ အသုံးပြုရန်အတွက် လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ပလတ်စတစ်အစား ငှက်ပျောဖက်၊ ကြာဖက်၊ အင်ဖက်၊ သတင်းစာစက္ကူများ၊ အသုံးပြုရန်အတွက် လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့မဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ် သုံးစွဲမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား ပန်းချီအနုပညာကို စိတ်ပါဝင်စားပြီး တန်ဖိုးထားတတ်စေရန်၊  မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများသိရှိစေရန်၊ စိတ်ကူးစိတ်သန်းနှင့် ဖန်တီးမှုများ ဆန်းသစ်တီထွင် လာနိုင်စေရန်၊ ယှဉ်ပြိုင်ခြင်

နမ့်ဆန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်(၉)နာရီအချိန်ကစတင်ပြီး ပင်စင်စားများအား ထုတ်ပေးလျက်ရှိသည်။

မင်းလှမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ငါးဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းဆင်းပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ မိုးစပါးတင်း ၁၀၀ အထက် ထွက်ရှိရေး စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးကြည်ဝင်း၏ လယ်မြေ နှစ်ဧကတွင် ယနေ့ နံနက် ၇ နာရီက မိုးစပါးတင်း ၁၀၀ အထက်ထွက်ရှိရေး စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပသည်။

မိုင်းရှူးမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ပင်စင်လစာများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့ နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ယနေ့နံနက်(၈)နာရီမှစတင်၍ ပင်စင်လစာများ ထုတ်ပေးလျက်ရှိသည်။

နတ်မောက်မြို့နယ်တွင် ပင်ထောင်မြေပဲများ စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်သည် မြန်မာပြည် အလယ်ပိုင်းမိုးနည်းပါးသည့် ဒေသတွင်ပါဝင်ပြီး မေလ (၁၃)ရက်၊ မေလ(၁၄)ရက်နေ့များတွင် မိုးစတင်ရွာသွန်းသဖြင့် ၎င်းမိုးရေဖြင့် တောင်သူများက ထယ်ရေးပြင်ကာ မိုးစိုက်သီးနှံများ စိုက်ပျိုးကြကြောင်း၊ မိုးစိုက်သီးနှံများတွင် ဆီထွက်သီးနှံ ပင်ထောင်မြေပဲမျိုးများကိုလည်း ထည့်သွင်းစိုက်ပျိုးကြကြောင်း တောင်သူများက ပြောသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့ ပူးပေါင်း ၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အတန်းပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပူတာအို့မြို့ပေါ် ဘာသာရေးကျောင်းများသို့ အလှူငွေများ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်ဇနီး ဒေါ်ဒေါင်နန်းတို့သည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နေ့လယ်ပိုင်း က ပူတာအိုမြို့ လေယာဉ်ကွင်း ရပ်ကွက်ရှိ ခရစ်ယာန်သီလရှင်ကျောင်းသို့ သွားရောက်ပြီး အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သီပေါမြို့၌ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတည်ဆောက်ပြီးစီးမှု အောင်ပွဲမင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးမှု အောင်ပွဲမင်္လာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အဆိုပါသာသနာဗိမာန်တော်ကြီး၌ ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Subscribe to