ညောင်တုန်းမြို့၌ ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းဆောင်ရွက်

ညောင်တုန်း ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် မိုးရာသီကာလ ရေစီးရေလာ ကောင်းမွန်စေ‌ရေးအတွက် မြို့တွင်းရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး‌ကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်နှင့် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးခင်မောင်ဦးတို့၏ ကြီးကြပ်မှု ဖြင့် အဖွဲ့လုပ်သားအင်အား၊ ယာဉ်စက်ယန္တရားများဖြင့် မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေ‌ရေးအတွက် မြို့တွင်းရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် လမ်းဘေး (ဝဲ၊ ယာ) တစ်လျှောက် ချုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)