မိတ္ထီလာ ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများ၊ ဆုရွေးချယ်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက စည်းလုံးချစ်ကြည်အောင်ပွဲဆီ ညီညွတ်တက်လှမ်း ပြည့်အောင်ပန်းခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မိတ္ထီလာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ လေကြောင်းနှင့် အားကာသပညာတက္ကသိုလ်၊ မိတ္ထီလာပညာရေးကောလိပ်နှင့်သူနာပြုသင်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)