ရွှေသောင်ယံမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် အန္တရာယ်ရှိလမ်းမီးတိုင်များ အားပြန်လည်ပြုပြင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မြို့သူမြို့သားများ၊ လမ်းသွားလမ်းလာများ လျှပ်စစ်နှင့်ပတ်သက်၍ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန် အန္တရာယ်ရှိ လမ်းမီးတိုင်များအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။

ပိုင်ကျုံမြို့တွင် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံမြို့ခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် Yangon United FC ဘောလုံးအသင်းတို့ ခြေစမ်းပွဲယှဥ်ပြိုင်ကစား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ မွှန်းလွဲပိုင်းအချိန်က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် Yangon United FC ဘောလုံးအသင်းတို့ ခြေစမ်းပွဲယှဥ်ပြိုင်ကစားခဲ့ကြသည်။

မင်းလှမြို့နယ်တွင် “ ဒို့အတူတူမဲပေးကြမယ် ” ရွေးကောက်ပွဲလှုံ့ဆော်ရေးအစီအစဉ်များ စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် မ​ကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏  ဦး​ဆောင်မှုဖြင့် ရွေးကောက်ပွဲ အောင်မြင်ရေးလှုံ့ဆော်မှုအစီအစဉ်များကို မင်းလှမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

ကမမောင်းမြို့တွင် ဒို့အတူ မဲပေးကြမယ် လက်ကမ်းစာစောင် ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်းမဲပေး ပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်ချက်ဖြင့် ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၀ နာရီက လူအများသွားလာရာ လမ်းမများနှင့် ရက်ကွက်များအတွင်းသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် ပြည်သူများအား မဲဆန္ဒရှင်စာရင်းကျန်ရှိမှုမရှိစေရေး တာဝန်ရှိသူများက တစ်အိမ်ဆင်းတစ်အိမ်တက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိရာ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ရပ်ကွက်များအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြိတ်မြို့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” သတင်းစကား လက်ကမ်းစာစောင်များ ပညာပေးဝေငှ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပညာပေးဝေငှပေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်

စာပေ၏ယဉ်ကျေးမှုကို မြှင့်တင်ရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များ တိုးပွားလာစေရန်ရည်ရွယ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်‌တင်းရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စဉ့်ကိုင်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ပြည့်စုံမှု ရှိနိုင်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှု‌

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ စဉ့်ကိုင်မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်နှင့် တာဝန်ရှိသူများနှင့်အတူ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု၊ ဘူတာ(ဈေးတန်း)ကျေးရွာ၊ ဆီဆုံကျေးရွာအုပ်စု၊ ဆီဆုံကျေးရွာ၊ ဆည်ရွာကျေးရွာအုပ်စု၊ ဆည်ရွာကျေးရွာ၊ သိန်းနီကုန်း‌ကျေးရွာအုပ်စု၊ ဇီးတောကျေးရွာနှင့် တရုတ်စုရပ်ကွက်များသို့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်က ရွေးကောက်ဆိုင်ရာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်‌ဆေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to