ရေးမြို့နယ်၌ မဲပေးစက်များထားရှိရာနေရာ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးစက်များထားရှိရာ နေရာနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့၌ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် စစ်ဆေးပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

တောင်တွင်းကြီးမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လွတ်လပ်ရေး၏ တန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၉) ရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်း၊ အမှတ် (၅) ဈေးတွင် ယမန်နေ့ နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ​ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ မဲစာရင်းတွင်ပါဝင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် Door-to-door မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ညောင်ဦးမြို့ ပေါ်ရပ်ကွက်များနှင့် ကျေးရွာသို့ ဒီဇင်ဘာ ၂ ရက်၊ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအား သိရှိနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ် ရပ်ကွက်များအလိုက် သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုမရှိစေရေး ပြည်သူများအားလုံး ပူးပေါင်းပါဝင်၍ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မဈေးအတွင်းရှိ ဈေးရောင်း/ ဈေးဝယ်လာသူများ၊ လူစည်ကားရာ‌နေရာ ဒေသခံပြည်သူများနှင့် ကျောက်ဆည်တက္ကသိုလ်ရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများသို့ ဖြန့်ဝေပေးခဲ့ကြသည်။

ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၌ ဆီဖူလုံရေးနှင့် လျာထားချက်ပြည့်မီရေးအတွက် အမှတ်(၁)ရပ် ကွက်တွင် စူပါဆန်း(41) ဆောင်းနေကြာစိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၁)ရပ်ကွက်၌ ဒေသအတွင်းဆီဖူလုံရေးနှင့်လျာထားချက်ပြည့်မီရေးအတွက် ယမန်နေ့က ယနေ့နံနက်ပိုင်းက  မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ တောင်သူများ ပူးပေါင်း၍ ဆောင်းနေကြာ စူပါဆန်း 41 များကို စုပေါင်းစိုက်ပျိုး ကြသည်။

ကလိန်အောင်မြို့၌ ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်းကားရာနေရာများ၌ ဖြန့်ဝေခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ “ဟွေထိုက်” အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေမှု၊ လဟယ်ဒေသ/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖ များ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁ ရက်၊ မွန်းလွဲပိုင်းတွင် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ “ဟွေထိုက်” ချောင်းပေါ်တွင် ရေထိန်း တမံတစ်ခုတည်ဆောက်၍ ရေသိုလှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကိုအသုံးပြုလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ နှစ်စဉ်လျှစ်စစ်ဓာတ်အား ၂၀.၃၈၁ ကီလိုဝပ် နာရီ သန်းပေါင်းထုတ်လုပ်နိုင်မည့် “ဟွေထိုက်” အသေးစားရေအား လျှပ်စစ်စီမံကိန်းရှင်းလင်း ဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂) တည်ဆောက်ရေး၊ စီမံကိန်းတာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက်တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

မလှိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် (door to door) ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တစ်အိမ်တက်ဆင်း (door to door) ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to