ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာအေး ကျော်ရေးသားသော ပတ်ဝန်းကျင်နှင့် ကျန်းမာရေးစာအုပ်ဖြင့် ယနေနံနက်ပိုင်းက လူငယ်စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ မယွန်းယွန်းက ပတ်ဝန်းကျင်နှင့် ကျန်းမာရေးခေါင်းစဉ်မှ ပတ်ဝန်းကျင်တွင် ရေမြေနှင့်လေတို့သာမက လူမှုရေးနှင့် စီးပွားရေးအခြေအနေများ အားလုံးပါဝင်သည့် အကြောင်းအရာအားလည်းကောင်း၊ မချစ်လွန်းသူက ကျန်းမာခြင်းနှင့် ညီညွတ်သောလေခေါင်းစဉ်မှ လူတို့သောက်သုံးသောရေသည် ရေကောင်းရေသန့်ဖြစ်ရန်လိုသကဲ့သို့ ရှူရှိုက်သောလေမှာလည်း ကျန်းမာခြင်းနှင့် ညီညွတ်သောလေဖြစ်ရန် အရေးကြီးကြောင်းစသည့် အကြောင်းအရာအားလည်းကောင်း တက်ရောက်လာသော စာပေချစ်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)