ငရုတ်ကောင်းမြို့၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြိုတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူပြည်သူတိုင်းပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”  အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့်ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်း စာစောင်များကို လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အာမခံအကာအကွယ်ပေးအပ်ခြင်း သဘောတူညီမှုစာချွန်လွှာအား

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အင်္ဂပူမြို့တွင် ဒုတိယအကြိမ်ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာ‌ရောက် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရေးအတွက် ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများအ‌ပေါ် ပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ပါတီဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲ ပေးကြမယ် ”လက်ကမ်းစာစောင်ကို ယနေ့မွန်းလွဲ (၂) နာရီ၌ အမှတ် (၄) ရပ်ကွက်ရှိ ပြည်သူများနှင့် လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြန်အောင်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့အတွင်း မဲစာရင်းများမှန်ကန်ပြည့်စုံစေရေး တာဝန်ရှိသူများပူးပေါင်း၍ Door to Door ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ၏အမည်စာရင်းများ မှန်ကန်ပြည်စုံမှု ရှိစေရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက်(Door to Door) ကွင်းဆင်းစစ်ခြင်းအား ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း နိုဝင်ဘာ ၂၈ ရက်နေ့မှစ၍ ယနေ့အထိ သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

‎ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်း ကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များအလိုက် ဆက်လက်ဆောင်ရွက်ခဲ့သည်။

နောင်မွန်းမြို့တွင် မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေး သက်ဆိုင်ရာအဖွဲ့အလိုက် နယ်မြေကွင်းဆင်း၍ တိုက်ဆိုင်စီစစ်ပေးလျက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အမည်စာရင်း၌ ပါသင့်ပါထိုက်သူများ မကျန်ရှိစေရေးနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ပါရှိနိုင်စေရန်အတွက် ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိသည်။

ကန်ကြီးထောင့်မြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြု သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ MEVM မဲပေးစက်ဆိုင်ရာနည်း ပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား/သူများကတက် ရောက်ခဲ့ကြသည်။
Subscribe to