သတင်းများ

တွံတေးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV လုပ်ငန်းဖွင့်ပွဲနှင့် ကာကွယ်ထိုးနှံခြင်း စတင်ဆောင်ရွက်
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အသက် (၉) နှစ်မှ (၁၂) နှစ်အတွင်း မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်းလုပ်ငန်းဖွင့်ပွဲနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီက တွံတေးမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရွှေကျင်မြို့နယ် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေး
Sep 18,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်မှစ၍ ထိုးနှံပေးခဲ့သည်။
(HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ကျောင်းသူ​လေးများအားထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ၁ ကျောင်းခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမများက အသက် ၉ နှစ်ပြည့်ပြီး၊ ၁၂ နှစ်မကျော်သော ကျောင်းသူလေးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆို တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ် စကားဝိုင်းကို မြို့မ အ.လ.က ကျောင်း၌ ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပသည်။
စမ်းချောင်းမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊  အလုံခရိုင်၊  စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်  ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Sep 18,2023
စစ်ကိုင်းတိုင်းဒေသကြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူများ တက်ရောက်ကြသည်။
ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲပြုလုပ်
Sep 18,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ခန္တီးမြို့၌ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းနှင့် ပတ်သက်၍ ကျောင်းသား/သူလေးများအား အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အ.ထ.က(ခွဲ) မြို့မကျောင်း တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။