ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက်  Mobile   Library   Bus ဖြင့်စာအုပ် စာစောင်များ လာရောက်ငှားရမ်းပေး

ကန်ကြီးထောင့်          အောက်တိုဘာ       ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် ယနေ့ နေ့လယ်(၁၁)အချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က(ခွဲ)ဘဲဂရက်ကျောင်းသို့ သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ လာရောက်ငှားရမ်းပေးခဲ့ကြသည်။  

အဆိုပါ ရွှေ့လျားစာကြည့်တိုက် လာရောက်ငှားရမ်းပးရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဝါမြင့်နှင့် ဆရာ၊ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား အသင်းဝင်ခြင်း၊ စနစ်တကျစာငှား ခြင်းလုပ်ငန်းများအား စနစ်တကျ ပူးပါင်းပါဝင်ဆာင်ရွက်ခဲ့ပြီးငှားရမ်းစာအုပ်များအနဖြင့် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာပါရှိကြ‌ကြောင်း သိရသည်။

ယနေ့ ငှားရမ်းပေးခဲ့သော စာအုပ်များအား (Mobile Library Bus) ဖြင့် ရက်သတ္တ နှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် လာရောက်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်(ပြန်/ဆက်)