ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသူများကို ကာကွယ်ဆေးများ ထိုးနှံပေး
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ နောင်ယန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို စက်တင်ဘာ(၇)ရက် နံနက်ပိုင်းက စတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံ သူများပြားစည်ကားလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို သံဃာတော်(၁)ပါးနှင့် ဒေသခံပြည်သူများအဆင်ပြေစွာ ထိုးနှံပေးနှိင်ရေးအတွက် နောင်ယန်းကျေးရွာစာသင်ကျောင်းတွင် စုရပ်အဖြင့်ကျန်းမာရေးဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။