ပေါက်တော စက်တင်ဘာ ၇
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း ( ပေါက်တော) စုပေါင်းခန်းတွင်ကျင်းပကြသည်။
အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းကျောင်း(ပေါက်တော)မှ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ကြရာ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် " စာတတ်မြောက်ရေး သင်ကြားပေး မနှေးဆောင်ရွက်တိုင်းပြည်အတွက်" ခေါင်း စဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "အနာဂတ်ဘဝသာယာဖို့ စာမတတ်သူဝိုင်းကူစို့" ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၂၈ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီးဆုရရှိသူများကို ပညာရေးစုံညီပွဲတော်၌ ဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)