ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌  ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရန်အတွက် အစမ်း‌လေ့ကျင့်

ရသေ့တောင်  စက်တင်ဘာ  ၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ရသေ့တောင်မြို့၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်ကာ (၂၄ )ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရန်အတွက် အစမ်း‌လေ့ကျင့်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင်ကျင်း ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဦးသိန်း‌မောင်က (၂၄) ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရန်အတွက်အစမ်း‌ လေ့ကျင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 ဆက်လက်၍ (၂၄) ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရန်အစမ်း‌လေ့ကျင့်ရာတွင်  အသက် ၁၅ နှစ် မှ ၂၀ နှစ်အမျိုးသား ခေတ်ဟောင်းကာလပေါ် တေးသီချင်းများနှင့် အဆိုရှင်မောင်သန့်ဇင်ဦးကလည်း‌ကောင်း၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး(အဆို) မငြိမ်းငြိမ်းစိုး ကလည်းကောင်း၊ ဝါသနာရှင်(ဒုတိယ)တန်း (အမျိုးသား)၊ ဝါသနာရှင် ဒုတိယတန်း (ခေတ်ဟောင်းကာလပေါ်) ဦးသန်းလှိုင်ကလည်း‌ကောင်း ဝါသနာရှင်(ဒုတိယ)တန်း (အမျိုးသား)၊ ဝါသနာရှင် ဒုတိယတန်း (ခေတ်ဟောင်းကာလပေါ်) ဦး‌ဇေယျာထွန်းတို့ကအစမ်းလေ့ကျင့်‌ ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဦးဦးသိန်း‌မောင်နှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက(၂၄) ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရန်သွား‌ရောက်မည့်အဆိုရှင် ပြိုင်ပွဲဝင်များအား ဝတ်စုံများ‌ထောက်ပံ့‌ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)