မြိုင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်​ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြိုင် ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဩဂုတ်လ ၁၁ ရက်နေ့မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့ပေါ်ရပ်ကွက်များ၊ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများတွင် မိုးရာသီကာလ ခြင်ကြောင့်ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လမ်းပေါက်ပွားမှု ကာကွယ်နိုင်ရေး အဘိတ်ဆေးများခပ်ခြင်း၊ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး ကျန်းမာရေးအသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယ်ခွေ