မော်လမြိုင် ဩဂုတ် ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိရပ်ကွက်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မြောက်ကွင်းကျောင်း ဓမ္မာရုံတွင်ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်နှင့်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝင်းဝင်းမာတို့က ကလေးအလုပ်သမားဆိုသည်မှာဥပဒေကခွင့်ပြုထားသောအသက်အရွယ်ထက်ငယ်ရွယ်ခြင်း၊ ဥပဒေပါကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့်အလုပ်ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာအဓိပ္ပါယ်ဖော်ပြချက်များ၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့်အကြောင်းအရာများ၊ က လေးအလုပ်သမားအဖြစ်ခိုင်းစေမှုများလျော့နည်းပပျောက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဥပဒေအရတရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေ နှင့်အညီ ထိရောက်စွာအကာအကွယ်ပေးရန်အချက်များစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)