သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးကော်မတီ၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ကွန်ကရစ်လမ်းခင်းခြင်း ၉၅ ရာခိုင်နှုန်း ပြီးစီး
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉- ၂၀၂၀ခု ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ ကျပ်(၄၂)သိန်းကျော်ဖြင့် ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဆရာစံလမ်း ၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ ရာ ယခုအခါ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်းသိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဓါတ်အားကြိုးလဲလှယ်ခြင်းနှင့် လမ်းမီးကြိုးများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ယခင်ကသွယ်တန်း ထားသော စံချိန်မမှီဓါတ်အားကြိုးလဲလှယ်ခြင်းနှင့် လမ်းမီးကြိုး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့တွင်း ရပ်ကွက်များတွင်မြို့နယ်လျှပ်စစ်ဌာမှ ဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။
သီပေါမြို့နယ်တွင် COVID-19 Economic Relief Planဖြင့် မျိုးစေ့ထုတ်ဧက(၅၅)ကို စနစ်တကျစိုက်ပျိုး
Aug 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စိုက်ပျိုးရာသီတွင် ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan အရ ဆောင်ရွက်သော မိုးစပါး(RS-CS)မျိုးစေ့ထုတ် စိုက်ခင်းများ စနစ်တကျစိုက်ပျိုးခြင်းကို ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်း ကျေးရွာနှင့် မန်ဟဲကျေးရွာအုပ်စု နားခဲကျေး ရွာ တို့တွင် ယနေ့နံနက်ပိုင်းကစတင်၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကုန်စည်များ၌ ကုန်ညွန်းအမှတ်အသားများ မြန်မာလိုဖော်ပြရန်သတ်မှတ်ထားသည့် အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/ မရှိ စိစစ်ဆောင်ရွက်
Aug 07,2020
စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ကုန်စည်များ၌ ကုန်အညွန်း အမှတ်အသားများ မြန်မာလိုဖော်ပြရန် သတ်မှတ်ထားသည့်အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/မရှိ ကို သြဂုတ်လ ၇ ရက်နေ့ နံနက် ၁၀နာရီအချိန်က သနပ်ပင်မြို့မစျေး အတွင်း / အပြင်ရှိ စျေးဆိုင်များလိုက်လံ စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
မြင်းမူမြို့တွင် ပထမအကြိမ် အသိပေးကပ်ထားပေးသည့် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှု လျက် ပုံစံများရယူ ပြင်ဆင်ခြင်းများပြုလုပ်
Aug 07,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူများပါဝင် ဆန္ဒပြုမဲပေးနိုင်ရေးအတွက် အသက်(၁၈)နှစ် ပြည့်ပြီးသူများ (မဲဆန္ဒရှင်များ) အမည်စာရင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အသီးသီးရှိ အုပ်ချုပ်ရေးမှုး ရုံးများတွင် ဇူလိုင်လ(၂၅) ရက်နေ့မှစတင်ကာ ကြေငြာကပ် ထားပေးလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျှက်ရှိကြောင်းသိရှိရသည်။
အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေး​ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်
Aug 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်ကျန်းမာ ဌာနနှင့် ရပ်ကွက် အုပ်ချုပ်​ရေးမှူးတို့ပူး​ပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈နာရီခွဲအချိန်မှစ၍ ​​စော​​မြောက်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ် ဆေးခတ်ခြင်း လုပ်ငန်းများ၊အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေပေးအပ်ပွဲကျင်းပ
Aug 07,2020
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြောင့် အသက်‌မွေး ဝမ်းကြောင်း လုပ်ငန်းများထိခိုက်မှုကို ကုစားနိုင်ရန် နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေး အရင်းအနှီးများရရှိစေရန် ရည်ရွယ်၍ Crash For Work စီမံကိန်း ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက်၉ နာရီခွဲအချိန်က ကျေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့်မဆုံးရှုံး စေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ သင်္ဃန်းကျွန်းမြို့နယ် တွင် ကွင်းဆင်းဆောင်ရွက်
Aug 07,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင်အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံး စေရေး အတွက် ဆန္ဒမဲစာရင်းတွင် ပါဝင်ပြီး အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရရှိသေးသူများ အား ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန် ရပ်ကွက်နှင့် ဇ/တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးလျှက်ရှိသည်။