သတင်းများ

ထီးချိုင့်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ခင်းကျင်း နေမှုအား ကွင်းဆင်းစစ်ဆေး
Mar 19,2020
စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် ငွေလုံးငွေရင်းလုပ်ငန်းများအနက် အမှတ်(၁)စံပြရပ်ကွက်၊ ပုန်းညက်လမ်းအား ကွန်ကရစ်လမ်းခင်းကျင်းနေခြင်းအား ယနေ့ နံနက် (၁၀ ) နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျိုင်းတုံမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 19,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူ့စာကြည့်တိုက်၌ လက်ဆေးနိုင်ရန် ဆောင်ရွက်ထားရှိ
Mar 19,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့မှစတင်၍ စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်လာမည့် စာပေဝါသနာရှင်များနှင့် ကလေးငယ်များအား လက်ဆေးခြင်းများဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိ‌ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ဆွေးနွေး
Mar 19,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID 19)ကြိုတင်ကာကွယ်ရေး အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး စနစ်တကျ လက်ဆေးနည်းများ ပြသ
Mar 19,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် စနစ်တကျလက်ဆေးနည်းများ ပြသဆောင်ရွက်ခဲ့သည်။
မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် Abate ဆေးခတ်ခြင်းဖြင့် ကြိုတင်ကာကွယ်
Mar 19,2020
မိုးတွင်းကာလတွင် အဖြစ်များလေ့ရှိသည့်ခြင်အန္တရာယ် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ် သည့်အနေဖြင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရွာသစ်မြို့ ရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေသို‌လှောင်နေရာများတွင် Abate ဆေးများ ခတ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းတို့ကို စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် ကာကွယ်ဆေးလွှမ်းခြုံမှု စစ်တမ်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်
Mar 19,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပန်းတင်ရပ်ကွက်တွင် ကာကွယ်ဆေးလွှမ်းခြုံမှု စစ်တမ်းကောက်ယူခြင်း လုပ်ငန်းကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ ပန်းတင်ရပ်ကွက် အတွင်းရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်သည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်
Mar 19,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်/စာစောင် လာရောက်ငှားရမ်းသူများအား ယနေ့နံနက် ၉ နာရီအချိန်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်ပါ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များကို မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ရှင်းလင်း ပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်သည့် နည်းလမ်းအနေဖြင့် စနစ်တကျ လက်ဆေးခြင်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။