ပွင့်ဖြူမြို့နယ် ကံကျေးရွာ လေးလက်မ စက်ရေတွင်း တူးဖော်ဆောင်ရွက်
Mar 19,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကံကျေးရွာတွင် ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရေးအတွက် မြင့်မိုရ်စံထားကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် လေးလက်မ စက်ရေတွင်း တစ်တွင်း တူးဖော်ဆောင်ရွက်လျက်ရှိရာ မတ် ၁၉ ရက် ၊ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အချိန်မီပြီးစီးရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။