သတင်းများ

တာချီလိတ်ခရိုင်အတွင်း​ လေထုညစ်ညမ်းမှုလျှော့ချရေး ဌာနပေါင်းစုံပါဝင်သော ပူးပေါင်းအဖွဲ့များက ကွင်းဆင်းအသိပညာပေးဟောပြော
Feb 24,2020
နှစ်စဉ်နွေဦးရာသီရောက်တိုင်း မီးခိုးငွေ့များဖုံးလွမ်းမှုကြောင့် မီးခိုးမြူများ ကြိုတင်ကာကွယ် ရေးနှင့် လေထုညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျေးရွာအုပ်စုများအတွင်း တောမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရန် ဌာန​ပေါင်းစုံ ပါဝင်သော ပူးပေါင်းအဖွဲ့များက အသိပညာပေးဟောပြောခြင်းကို တာချီလိတ်မြို့နယ် မိုင်းဖုန်း (က) ကျးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် သွားရောက် ပြုလုပ်ခဲ့ကြ သည်။
ရေတာရှည်မြို့နယ် ဆင်ဂွေကျေးရွာ၌ ပြည်သူ့စကားဝိုင်းကျင်းပ
Feb 24,2020
ရေတာရှည်မြို့နယ် ဆင်ဂွေကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းကို ယမန်နေ့လည် ၁:၀၀ နာရီက ဆင်ဂွေကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖောင်ကားကျေးရွာတွင် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
Feb 23,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့ နေ့လယ် (၁) နာရီအချိန်တွင် မြင်းခြံမြို့ ၊ ဖောင်းကားကျေးရွာ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ဂေဘား ရေဒီယိုအစီအစဉ်(၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနား လွိုင်ကော်မြို့၌ ကျင်းပ
Feb 23,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ဂေဘားရေဒီယိုအသံလွှင့်အစီအစဉ် (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် ဧရာဝတီလင်းပိုင်စစ်တမ်းကောက်ယူမှုအရ ဆယ်စုနှစ် ၂ ခု အတွင်း အများဆုံးတွေ့ရှိမှုအဖြစ် ၇၉ ကောင် တွေ့ရှိ
Feb 23,2020
ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၁၀ ရက် မှ ၂၀ ရက်အထိ ဧရာဝတီလင်းပိုင် စစ်တမ်းကောက်ယူမှုအရ ဆယ်စုနှစ်(၂)ခု အတွင်း အများဆုံးတွေ့ရှိမှုအဖြစ် ၇၉ ကောင် တွေ့ရှိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ သိရသည်။
မိုင်းယောင်း၌ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ
Feb 23,2020
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ကျင်းပမည့် တက္ကသိုလ်စာမေးပွဲတွင် ဖြေဆိုရန်လျှောက်ထားသူဦးရေ ၃၆၈၈ ဦးရှိပြီး ကျောင်းသားကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ
Feb 23,2020
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် ၊ မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် လျှောက်ထားသူ ၃၆၈၈ ဦးရှိကြောင်း သိရပြီး ဖြေဆိုရန်လျှောက်ထားသည့် ကျောင်းသားကျောင်းသူများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်ကာ မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာစာစစ်ဌာန ကျောင်းများတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန(ဗဟန်း) တွင် မြန်မာဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်များအသင်း၏ နည်းပညာဆိုင်ရာနှီးနှောဖလှယ်ပွဲ ကျင်းပ
Feb 23,2020
မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များအသင်း၏ နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)Community Cenrre တွင် ကျင်းပရာ မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားသည်။