သတင်းများ

ဝမ်းတွင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Feb 24,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က မြို့နယ်ပြည်သူ့ အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
စတုတ္ထအကြိမ်မြောက် မံကပ်ဒေသစိတ် ကျေးရွာအလိုက် အလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 24,2020
စစ်​ကိုင်းတိုင်းဒေသကြီး ကသာခရိုင်​ ဗန်းမောက်​မြို့နယ်​ ​ကျောက်​တန်းကျေးရွာအုပ်​စု နားမော်ကျေးရွာတွင် စတုတ္ထအကြိမ်မြောက် ​ဘောလုံးအလွတ်​တန်းပြိုင်​ပွဲနှင့် ဆုပေးပွဲကို မြို့နယ်​အား/ကာ ဦးစီးဌာနကကြီးမှူး၍ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကွင်း၌ ကျင်းပပြုလုပ်​ခဲ့​ကြောင်း သိရသည်​။
ကျေးလက်ကျန်းမာရေးဌာခွဲနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Feb 24,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် တောင်လယ်တောကျေးရွာအုပ်စု တောင်လယ်တော ကျေးရွာနှင့် ရွာသစ်ကျေးရွာအုပ်စု ဘုရားထူးကျေးရွာတို့၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်တွင် ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 24,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ​စော​မြောက်ရပ်ကွက်၊ ဆင်စွယ်လမ်း ကတ္တရာလမ်း သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် အဆိုပါလမ်းတွင် ကျင်းပပြုလုပ်​ကြောင်းသိရသည်။
ဓာတုဗေဒဆေးဝါးများ သုံးစွဲမှုလျှော့ချစေရန် နွေစပါးစိုက်ခင်းများ၌ ဥကပ်ပါး နဂျီဥကဒ်များ ချိတ်ဆွဲ
Feb 24,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ပိုက်ကြီးဝဲကျေးရွာအုပ်စု ပိုက်ကြီးဝဲကျေးရွာရှိ နွေစပါးစိုက်ခင်းများတွင် ကျရောက်သော စပါး ဖျက်ပိုးများကို ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ ချိတ်ဆွဲ အသုံးပြု ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက နွေစပါးစိုက်ခင်း ကွင်းအမှတ် ၁၀၃၇(က)တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
လူထုစက်ဘီးစီးပွဲတော် တာချီလိတ်မြို့တွင်ကျင်းပ
Feb 24,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် MTB Tachileik တို့ ပူးပေါင်း၍ "ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင်" ​ခေါင်းစဉ်အောက်ရှိ လူထု စက်ဘီးစီးပွဲတော်အား တာချီလိတ်မြို့တာလော့ရပ်ကွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁) ထိပ်မှစတင်၍ ယမန်နေ့ မနက် ၆ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ် နန်းတော်ကုန်းကျေးရွာ တောင်ပေါ်ရတနာဒီပံဓမ္မစကူးလ် ဗုဒ္ဓဘာသာ သင်တန်း သင်ယူပြီးမြောက်ကြောင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 24,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာအုပ်စု၊ တောင်ပေါ် ဦးနက္ခတ်ဘုရားဓမ္မာရုံ၌ ရတနာဒီပံဓမ္မစကူးလ် ဗုဒ္ဓဘာသာ သင်တန်းကျောင်း သင်ယူ ပြီးမြောက်ကြောင်းနှင့် သင်တန်း ဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ကသာမြို့နယ်၊ သိမ်အင်းကျေးရွာတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်
Feb 24,2020
စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကသာမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် သိမ်အင်းကျေးရွာရှိ "ရောင်ခြည်ဦး" စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ‌ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က သိမ်အင်းကျေးရွာ အမှတ် (၇၅) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။