သတင်းများ

ကံမမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တို့ ပူးပေါင်း၍ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
ဟိုပန်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာသင်ကျောင်းများတွင် သွားရောက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့် ဝေပေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 24,2021
 ၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်  ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီက  ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 
ပေါက်ခေါင်းမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့် ရောင်းချနိုင်ရေးစစ်ဆေးဆောင်ရွက်
Jun 24,2021
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်သည့်အနေဖြင့် အပြင်ထွက်သည့်အခါတိုင်း Mask မဖြစ်မနေတပ်ဆင်သွားလာရေး Mask Campaign ကို မြို့မဈေးနှင့် လူစည်ကားသည့်နေရာများတွင် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ်၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်
Jun 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအုပ်စု၊ ယကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျုံပျော်တွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်း(အခမဲ့)သင်တန်း ဖွင့်လှစ်
Jun 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌ပျော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကာ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်း (အခမဲ့)သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါရုံး၌ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် မူးယစ်အသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၁ခုနှစ် ဇွန်လ (၂၆)ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် “တားဆီးကာကွယ် မူးယစ်​ဆေးဝါးအန္တရာယ်” အသိပညာ​ပေး Talk Show ဆောင်ရွက်
Jun 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊​ ကျောက်တံတားမြို့နယ် ပညာ့အလင်း​ခေတ်မီ စာကြည့်တိုက်တွင် ယ​နေ့နံနက် ၁၀:၀၀ အချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ”တားဆီးကာကွယ်မူးယစ်​ဆေးဝါး အန္တရာယ်” အသိပညာ​ပေး Talk Show ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။