အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 24,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ ရှောင်ရန် ဆောင်ရန်များနှင့် မှတ်သားဖွယ်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၀ နာရီက လမ်းမကြီးတစ်လျှောက်ရှိ လမ်းသွားလမ်းလာသူများနှင့် အခြေခံပညာကျောင်းများသို့ ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဝေခဲ့ပြီး စျေးတန်းရပ်ကွက်အခြေခံ ပညာအလယ်တန်းကျောင်းခွဲတွင် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။