မောင်တော ဇွန် ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အမျိုးသမီးကော်မတီမှ ဦးဆောင်၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြား မှုပပျောက်ရေးနှင့် အမျိုးသမီးများဖွဲ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ အသိ ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင် မှ အမျိုးသမီးများအား နည်းမျိုး စုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှင့် အမျိုးသမီးများ ဖွဲ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (ကျားမတန်းတူညီမျှရေး) ကိစ္စရပ်များ ၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ အား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက သိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး