သတင်းများ

မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အလှူငွေနှင့် အထောက်အကူပြု ပစ္စည်းများ လှူဒါန်း
Jul 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူအတွက် ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီအသင်းအား မိုင်းယောင်းနှင့် မိုင်းယုမြို့မှ အလှူရှင်များက အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့က လာရောက်လှူဒါန်းကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများ ပြောင်းရွေ့နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
Jul 25,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ ကျဆင်းလာသဖြင့် မြေနိမ့်ပိုင်းရှိ နေအိမ်များသို့ ရေများ ဝင်ရောက်နေပါသောကြောင့် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရေဘေးသင့်အိမ်ထောင်စုများအား ပြောင်းရွေ့ နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ပဲခူးမြို့၌ ကိုဗစ် သံသယဖြင့်သေဆုံးနေအိမ်များအား Swab Mobile Car ဖြင့် လှည့်လည်စစ်ဆေးဆောင်ရွက်
Jul 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့် ရပ်ကွက်ကိုဗစ်အထောက်အကူပြုအဖွဲ့များနှင့် ပူးပေါင်း၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ယမန်နေ့တွင် ပဲခူးမြို့ပေါ်ဆေးရုံမှ မဟုတ်ဘဲ ရပ်ကွက်များအတွင်း ကိုဗစ်သံသယဖြင့် သေဆုံးသည့် နေအိမ်များရှိ မိသားစုများအား Swab Mobile Carဖြင့် လှည့်လည်၍ ကိုဗစ် ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း အောက်ဆီဂျင်အခက်အခဲမရှိအောင် ဆောင်ရွက်ပေးလျက်ရှိ​ပြီး ၂၄ နာရီအတွင်း အလုံးရေ(၁၀၀)ထွက်ရှိနိုင်သော စက်ကိုမှာယူထားရှိ
Jul 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် (၄) အား အောက်ဆီဂျင် အခက်အခဲ မရှိစေရေးအတွက် ထားဝယ်မြို့၊ အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်း ရေးအဖွဲ့ကကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းအာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့တာဝန်ခံ ဦးအောင်မြင့် ထံမှသိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိ
Jul 25,2021
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။“ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားတဲ့ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်တွေကို မြို့နယ်အတွင်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေနဲ့ နေ့စဉ် အသံချဲ့စက်ဖြင့် လိုက်လံသတိပေး နှိုးဆော်လျက်ရှိသလို ရပ်ကွက်/ကျေးရွာတွေမှာလဲ အုပ်ချုပ်ရေးမှူးရုံးတွေမှ တဆင့် အသံချဲ့စက်ဖြင့်သတိပေးတာတွေရှိပါတယ်၊ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်း စည်း (Mask) မဖြစ်မနေတပ်ဆင်ရေးကြီးကြပ်ဆောင်ရွက်ခြင်းများ၊ ဈေးဆိုင် စားသောက် ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ရောင်းချနေခြင်း ရှိ/မရှိကိုနေ့စဉ် ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပါတယ်၊ ကုသရေးအနေနဲ့ကတော့ တိုင်းကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှုဖြင့် ကိုဗစ်-၁၉ ပိုးတွေ့ပြီး ရောဂါမပြင်းထန်လူနာများ ကို ယခု ခုတင်(၅၀)ဆံ့ဆေးရုံမှာ ကုသပေးပါတယ်၊ ဇေယျာသီရိ မြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် အနံ့ပျောက်၊ ချောင်းဆိုး၊ ကိုယ်လက်မအီမသာ၊ ကိုဗစ်-၁၉ သံသယရှိပြီး ရောဂါမပြင်းထန်သူလူနာများ လယ်ဝေးဘောလုံး ကွင်း Community Based Test Centre For PUI တွင် နံနက် ၇ နာရီတွင် (၅၀)ဦး၊ မွန်းလွဲ ၂ နာရီ(၅၀) ဦး စစ်ဆေးဆောင်ရွက်ပေးပြီး ပြည်သူများအနေဖြင့် ၀၉၈၈၀၈၃၇၃၅၃ ကိုကြိုတင် ဆက်သွယ်ပြီး ပြသလို့ရသည့်အပြင် သံသယလူနာ ရောဂါပြင်းထန်ပြီး အသက်ရှုကြပ်၊ အောက်ဆီဂျင်ကျ၊ အခြေအနေဆိုးရင် ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံ၊ ပျဉ်းမနားခုတင်(၂၀၀) ဆေးရုံ၊ လယ်ဝေးခုတင်(၁၀၀) ဆေးရုံတို့ တွင် သွားရောက်ပြသလို့ရပါတယ်”ဟု ဇေယျာသီရိမြို့နယ် ခုတင်(၅၀)ဆံ့ဆေးရုံအုပ် ဒေါက်တာ ဝေယံအောင်၏ ပြောပြချက်အရသိရသည်။    
တနင်္သာရီမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းသဖြင့် တနင်္သာရီ မြစ်ရေ(၁၄)ပေ အထိ မြင့်တက်လာ
Jul 25,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁ခုနှစ်၊ ဇူလိုင်လတတိယအပတ် အတွင်း မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေသဖြင့် တနင်္သာရီမြစ်ရေသည် ဇူလိုင် လ၂၅ရက်နေ့ နံနက် ၆နာရီအချိန် တိုင်းတာ ချက်အရ (၁၄-ပေ ) (၄၂၆.၇၂-cm) သို့ ရောက် ရှိနေပြီဖြစ်သည်။ တနင်္သာရီမြို့၏ စိုးရိမ်ရေရေအမှတ်မှာ (၁၇- ပေ)(၅၁၈.၁၆-cm) ဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ(၂၄ပေ)(၇၃၁.၅၂-cm) ဖြစ်ရာ ယခုအချိန်တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၃)ပေသာ လိုတော့ပြီဖြစ်ကြောင်း သိရသည်။
သာစည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေး အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်
Jul 25,2021
 မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်းအား နေ့စဉ်ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ စနစ်တကျစည်းကမ်းလိုက်နာဆောင်ရွက်နိုင်ရေး အတွက် မြို့ပေါ်ရပ်ကွက် (၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၀) အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၂၄၉) ရွာတို့အား Local Semi-Lockdown ကာလ (၁၄) ရက်ကို ဇူလိုင်လ ၂၄ ရက်မှ စတင်၍ ဆောင်ရွက်လျှက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ကော်မတီဝင်များက အသံချဲ့စက်ဖြင့် လူစည်ကားရာ နေရာများတွင် နေ့စဉ် လှည့်လည် အသိပေး ကြေညာလျက်ရှိကြောင်း သိရသည်။
ကိုဗစ်_၁၉ ရောဂါသက်သာ၍ဆေးရုံမှ ဆင်းခွင့်ရသူ မိသားစုများအားနေအိမ်တွင် (Home Stay)နေစဉ်ကာလအတွင်း  အဆင်ပြေစေရန် ဆန်နှင့်စားသောက်ဖွယ်ရာများထောက်ပံ့
Jul 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ မြို့နယ် ကိုဗစ်_၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ကိုဗစ်_၁၉ရောဂါခံစားရပြီး ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ မိသားစုများအား နေအိမ်တွင် (Home Stay)နေထိုင်စဉ်ကာလအတွင်း  စားဝတ်နေရေးအဆင်ပြေစေရန် ဆန်နှင့်စားသောက် ဖွယ်ရာများကို ယမန်​နေ့ နံနက် ၁၀နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းင်း သိရသည်။