Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
စလင်းမြို့နယ်အတွင်းရှိ ယာယီပျံကျဈေးရောင်းချနေသည့်ဈေးသည်(၇၆)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး RDT Test Kit ဖြင့် စစ်ဆေးရာ အမျိုးသမီး(၂)ဦးရောဂါပိုးတွေ့ရှိ
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မင်းအာကာဘုရားဝိုင်း အတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသော ယာယီပျံကျဈေးအား ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယာယီခေတ္တပိတ်ထားခဲ့ရာ စက်တင်ဘာ ၁ ရက်နေ့က ပြန်လည်ဖွင့် လှစ်ပေးခဲ့ပြီး ယနေ့ နံနက် ၈ နာရီအချိန်က ယာယီပျံကျဈေးရောင်းချနေသည့် ဈေးသည်(၇၆)ဦးအား ကိုဗစ်-၁၉ရောဂါပိုး RDT Test Kit ဖြင့် စစ်ဆေးရာ အမျိုး သမီး(၂)ဦး ရောဂါပိုးတွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း
Sep 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဒုတိယမြို့ တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပစ္စည်းများ လာရောက်လှူဒါန်း
Sep 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Sep 02,2021
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သဲကုန်းမြို့နယ်အတွင်းရှိ စပါးမျိုးစေ့သန့်စင်စက်ရုံနှင့် စပါးမျိုးစေ့ထုတ်စိုက်ကွင်းအားကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဆေးရုံနှင့် Volunteer များအတွက် အလှူငွေနှင့်ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
Sep 02,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သဲကုန်းမြို့နယ် ပွဲပြည့်ခြံအတွင်းတည် ဆောက်ထားသည့် စပါးမျိုးစေ့သန့်စင် စက်ရုံနှင့် စပါးမျိုးစေ့ထုတ်စိုက်ကွင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအတွက် သဘာဝမြေသြဇာများ ထောက်ပံလှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်
Sep 02,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား ယနေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများမှ ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သန်းကြီးကုန်းကျေးရွာမြေသားရေကန် တူးဖော်မှုလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာပြည်သူများသောက်သုံးရေဖူလုံ
Sep 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကူရွာကျေးရွာအုပ်စုရှိ သန်းကြီးကုန်းကျေးရွာတွင် တိုင်းဒေသ ကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြေသားရေကန် တူးဖော်မှုလုပ်ငန်း ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ပန်းတောင်းမြို့နယ် မုံကမ်းရွာနှင့် ညောင်ဖြူပင်ရွာ ဆက်သွယ်သည့် သစ်သားတံတား ချောင်းရေဖြင့်မျောပါပျက်စီးခဲ့ပြီး စပါးခင်း ဧက(၃၀)ခန့် ချောင်းရေတိုက်စားပျက်စီး
Sep 02,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စက်တင်ဘာ(၂)ရက်နေ့ နံနက်(၃)နာရီမှ နံနက်(၆) နာရီ (၁၅) မိနစ်ခန့်အထိ၊ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ကန်ပတ်လည်ကျေးရွာအုပ်စု၊ မုံကမ်းကျေးရွာနှင့် ညောင်ဖြူပင်ကျေးရွာဆက် သွယ်သည့် သစ်သားတံတား အရှည်(၁၀၀ပေ×၁၂ပေ)မှာ ချောင်းရေဖြင့်မျောပါ ပျက်စီးခဲ့ပြီး စပါးခင်းဧက (၃၀)ခန့် ချောင်းရေတိုက်စားပျက်စီးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27401
Page
27402
Page
27403
Page
27404
Current page
27405
Page
27406
Page
27407
Page
27408
Page
27409
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department