သတင်းများ

အမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Sep 03,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ပဲပဒုံ တိုက်ပွဲရှောင်စခန်း(၁)နှင့် မိုးလုံလေလုံအားကစားခန်းမ တိုက်ပွဲရှောင်စခန်း(၂)ရှိ အသက်(၁၈) နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးတွင် အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပြီးနောက် မိနစ်(၃၀)အကြာစောင့်ကြည့်၍ အသိ ပညာပေးပြောကြားပြီးမှ ပြန်လည်ထွက်ခွင့်ပြုကြောင်းသိရှိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား ဆန်များထောက်ပံ့
Sep 03,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသော ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင် များအား ဆန်များထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ် နိုင်ငံဝန်ထမ်းများအား ဆက်လက်ထိုးနှံ
Sep 02,2021
ရခိုင်ပြည်နယ်​ တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းများကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်ထိလည်းကောင်း၊နေ့လယ် ၁ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိလည်းကောင်း၊ ပထမအကြိမ်တွင် ကာကွယ်ဆေး ထိုးနှံထားသော ဌာနဆိုင်ရာများ၊ ရဟန်းသံဃာများ၊ လူမှုရေးအဖွဲ့စည်းများအား တောင်ကုတ် မြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ကျိန္တလီမြို့၌ အသက်(၆၅)နှစ် အထက်သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 02,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ် အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်ကာ မြို့အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်း
Sep 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေး အပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း အချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား( Take away) ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းဆောင်ရွက်
Sep 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်မျာအား( Take away) ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းကစ၍ စစ်ဆေးလျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး
Sep 02,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ကာကွယ်တားဆီးနိုင်ရေး အတွက် ယနေ့မွန်းလွဲ ၁နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က Video Conferencing စနစ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြတ်ဂုဏ်ပြည့် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ( Sinopharm) ဒုတိယအကြိမ်ထိုးနှံပေး
Sep 02,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပကျားထူးကျေးရွာ အရှေ့ဘက်ရှိ မြတ်ဂုဏ်ပြည့်ဘိုးဘွားရိပ်သာ သို့ယမန်နေ့နံနက် ၉နာရီအချိန်ခန့်က အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး( Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။