ဖြူးမြို့နယ်တွင် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေး
Sep 02,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ များပြား လာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းသတ်မှတ်ထားခဲ့ပြီး အဆိုပါ ကာလ မကုန်ဆုံးသေးလျက်ရှိရာ သွားလာမှု များသည့်နေရာ များတွင် ပြည်သူများအား ယနေ့နံနက်ပိုင်းက RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးပေးလျက် ရှိကြောင်း သိရ သည်။