သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီး သူရသွင်ကိုကိုမှ စလင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ သွားရောက်ပေးအပ်
Sep 06,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးသူရသွင်ကိုကိုနှင့် တာဝန်ရှိသူများက မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဖောင်းလင်း ကျေးရွာအုပ်စုရှိ ရှင်ပင်ရွှေစောလူးဘုးရားကုန်းမြေ အာရုဏ်ခံ တန်စောင်းစုရပ်၊ မြောက်ရှားတောကျေးရွာ ဓမ္မာရုံစုရပ်နှင့် ဇီဖြူပင်ကျေးရွာ ရွှေဘုံသာတန်စောင်း စုရပ်တို့တွင် သွားရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဆက်တိုက်လေ့ကျင့်
Sep 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မိုးရာသီကာလအတွင်း သဘာ၀ ဘေးအန္တရာယ် ကျရောက်ပါက ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက် ထားရှိမှုများကို ယမန်နေ့ နံနက်ပိုင်းက မအူပင်မြို့၊ တိုးမြစ်အတွင်းရှိ ကျောက်တိုင်ကွင်းဆိပ်၊ အမှတ်(၁၂) ရပ်ကွက် ပေါ်တော်မူဘုရားအနီး ကူးတို့ဆိပ်နှင့် ဝါးတောကျေးရွာ၊ ဝါးတောရေထိန်း တံခါးအနီးတွင် ကျင်းပ‌ ဆောင်ရွက်သည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
(၈၂)နှစ်ပြည့် ဆရာတော်အသျှင် ဦးဥတ္တမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူ မြို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
Sep 06,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက် မည့် (၈၂)နှစ်ပြည့်၊ ဆရာတော်အသျှင် ဦးဥတ္တမနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ပေါ်လူငယ်များမှ ပင်လယ်ကမ်းခြေအနီးရှိ ဦးဥတ္တမ ပန်းခြံတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဂွေဇ-ခေါင်လန်ဖူးဆက်သွယ်ထားသည့် ကားလမ်းဖောက်လုပ်မှု ခေါင်လန်ဖူးမြို့ သို့ရောက်ရှိ
Sep 05,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သည် ဝေးလံခက်ခဲပြီးသွားလာရေးခက်ခဲသည့် နယ် စပ်မြို့တစ်မြို့ဖြစ်ပြီး မဂွေဇ-ခေါင်လန်ဖူးမြို့သို့ဆက်သွယ်ထားသည့်ကားလမ်းအား နယ်စပ်ရေးရာ၀န်ကြီးဌာန ၏ခွင့်ပြုရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဖောက်လုပ်လျက်ရှိရာ စက်တင်ဘာ(၃)ရက် နေ့တွင် တစ်ကြောင်းထိုးကားလမ်းဖောက်လုပ်မှု ခေါင်လန်ဖူးမြို့သို့ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်တစ်ပြည် ငွေကျပ် ၁၀၀၀ နှင့် ကြက်ဥတစ်လုံးကို ငွေကျပ် (၁၀၀)နှုန်းဖြင့် အိမ်တိုင်ရာ​ရောက် ဆက်လက် ရောင်းချပေး
Sep 05,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများမှ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် စက်တင်ဘာလ ၁ရက်နေ့မှ စ၍ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့တွင်းသို့ ဆန်နှင့်ကြက်ဥတို့ကို စျေးနှုန်းသက်သာစွာဖြင့် လိုက်လံ ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီ အချိန်က မနောသုခ ဆန်တစ်ပြည်လျှင် ငွေကျပ် တစ်ထောင် နှင့်ကြက်ဥတစ်လုံးကို ငွေကျပ်တစ်ရာနှုန်းဖြင့် အမှတ် (၄)ရပ်ကွက်တွင်းသို့ လိုက်လံ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓ ဘာသာဝင်များ၊ ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ
Sep 05,2021
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲနှင့်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ၊ ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီက ဖလမ်းမြို့၊ သာသနာပြု ဗဟိုကျောင်း၌ ကျင်းပခဲ့သည်။
ဝါးခယ်မမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် နေအိမ်(၁၃)လုံး ပြောင်းရွှေ့
Sep 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် ယနေ့ နံနက် (၁၀)အချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။