သတင်းများ

ထေရဝါဒဗုဒ္ဓသာသနာပြုဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်နီ၊ ကြာဆံနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း
Sep 09,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုနှင့် ဝါတွင်းကာလအတွင်း သီတင်းသုံးတော်မူကြကုန်သော သံဃာတော်များ ဆွမ်း၊ ကွမ်းများ အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်နီ၊ ကြာဆံနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအကြိမ်ထိုးနှံ
Sep 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသော ပြည်သူများကို စက်တင်ဘာလ (၂)ရက်နေ့မှစတင်ကာ ဆေးထိုးရန် သတ်မှတ်နေရာများတွင်ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Sep 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသား အရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ညောင်ကောက်ကွေး ကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းထူးနှင့် ဝန်ထမ်းများက  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့တွင် ပြင်ပလူနာ(၁၅၅)ဦးအား RDT ဖြင့်စစ်ဆေးရာ လူနာသစ်(၂၉)ဦးတွေ့ရှိသဖြင့် လူနာပေါင်း (၂၉၉)ဦးဖြစ်လာ
Sep 09,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်သိုက်ထွန်း၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကုသရေး ဆေးရုံများအတွင်း ယမန်နေ့က ဖျားခြင်း၊နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့်အနံ့အရသာ ပျောက်နေခြင်း တို့ဖြင့် ဆေးခန်းသို့လာပြသည့် ပြင်ပမှသံယလူနာများနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်းမြင့်တက်နေသည့် ရပ်ကွက်/လမ်းများအတွင်းမှ ထိစပ်သံသယလူနာများ စုစုပေါင်း(၁၅၅)ဦးတို့အား တာဝန်ခံ ဆရာဝန်များ က ကြီးကြပ်လျက် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT-Test Kit ဖြင့်စစ်ဆေးပေးရာ လူနာသစ်(၂၉)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။
ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ကို ဒုတိယအကြိမ်အဖြစ် လူဦးရေ ၄၀၀၀ ဦး ထိုးနှံပြီး
Sep 09,2021
စစ်ကိုင်းတိုင်ဒေသကြီး ၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် လူဦးရေ ၄၀၀၀ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့၌ ဧရာဝတီမြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် နေအိမ်ယာယီ ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Sep 09,2021
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာရှိ နေအိမ်များသည် ဧရာဝတီမြစ်ရေ ရေတိုက်စားမှု ကြောင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ နေထိုင်နေရသည့် အိမ်ထောင်စု( ၆ )စုအား ယနေ့ နံနက် ၁၀ နာရီခန့်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၄၀၆၇)ဦး ထိုးနှံပြီးဖြစ်
Sep 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ယနေ့နံနက်ပိုင်းက စုကြီးရပ်ကွက် မြို့တော်ခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးပေးလျက်ရှိရာ သံဃာတော်များနှင့် အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများအပါအဝင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဦးရေ(၄၀၆၇)ဦး ထိုးပြီးကြောင်းသိရှိရသည်။
ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲအား ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကျင်းပမည်မဟုတ်ကြောင်းသိရ
Sep 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပ လေ့ရှိသော ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲ/အောင်ပွဲကြီးအား၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တားမြစ် ကန့်သတ် ချက်များကြောင့် ကျင်းပနိုင်မည် မဟုတ်ကြောင်း တောင်ကလပ်ဂေါပကအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။