ဝက်လက် စက်တင်ဘာ ၉
စစ်ကိုင်းတိုင်ဒေသကြီး ၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် လူဦးရေ ၄၀၀၀ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို ရဟန်းသံဃာများ၊ ကာကွယ်ဆေးမထိုးရသေးသည့် ဝန်ထမ်းများ ၊ ၆၅ နှစ်အထက်သက်ကြီး ဘိုးဘွားများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက ဆေးခန်းများမှဝန်ထမ်းများ၊ စက်ရုံ ၊အလုပ်ရုံများတွင် လုပ်ကိုင်နေ သူများ ၊ဘိုးဘွား ရိပ်သာမှ သက်ကြီး ဘိုးဘွားများ ၊သီလရှင်များ၊ကိုဗစ် - ၁၉ ထိန်းချုပ်ရေးတွင် လုပ်ကိုင်ဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်းများ ၊ စျေးရောင်းချသူများ ကို ထိုနှံပေးပြီးကြောင်း သိရသည်။
ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ဝက်လက်မြို့နယ်အတွင်း စုရပ်သုံးခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ ၊ စက်တင်ဘာလ ၃ ရက်နေ့ နှင့် ၄ ရက်နေ့ များတွင် လူဦးရေ ၂၀၀၀ ဦး ကိုလည်ကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့များတွင် လူဦးရေ ၂၀၀၀ ဦး စုစုပေါင်း လူဦးရေ ၄၀၀၀ ဦး ကိုထိုးနှံပြီးကြောင်း ကို မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)