တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း

ထားဝယ် ဇွန် ၂၆

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၊ ဃောသိတရာမပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းတွင် စာသင်တိုက်ရှိ သံဃာတော်များ ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းခံမထွက်ရသဖြင့် ကိုဗစ်စည်းကမ်းများနှင့် အညီ သီတင်းသုံးနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်

ရှေးဦးစွာ ဃောသိတရာမပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် နိုင်ငံတော် သြဝါဒစရိယဘဒ္ဒန္တဦးပညာသာမိထံမှ တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များက  ဝတ္ထုငွေ(၂၀၀၀၀၀)ကျပ်၊ ဆန် ၁၂ ပြည် ၂၀ အိတ်၊ ဆီ ၁၀ ပိဿာ ၅ ပုံး၊ အားလူး ၁၀ ပိဿာ ၂ အိတ်၊ ကြက်သွန်နီ ၁၀ ပိဿာ ၁ အိတ်၊ ငါးခြောက် ၁၃ ပိဿာ စသည့်တိုကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။