သတင်းများ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ငွေများ ထုတ်ချေး
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ပိုင်းကငါးထပ်ကြီးဘုရား ရင်ပြင်တော်တွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်၌ ( ၇၄ )နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အထိမ်းအမှတ်အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 17,2021
စဉ့်ကူးမြို့နယ်၌ (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့ အခမ်းအနားနှင့် အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဋ္ဌက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ အထက်တန်းကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲ ကျင်းပနိုင်ရေးဆပ်ကော်မတီဝင်များတက်ရောက်ကြသည်။
မြောက်ဦးမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံ
Dec 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်နှင့် အလယ်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများမှ ကိုဗစ်ကာကွယ် ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများနှင့် ​ဟော​ပြောပွဲ၊ စာအုပ်စာ​စောင်ပြပွဲများ ကျင်းပ ပြုလုပ်
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယ​နေ့ နံနက်ပိုင်းက (၇၄) နှစ်​မြောက်လွတ်လပ်ရေးနေ့အကြို​ အားကစား ပြိုင်ပွဲ များနှင့် ဟော​ပြောပွဲ၊ စာအုပ်စာ​စောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ငါ့သရောက်မြို့ ပြန်/ဆက်ရုံ Community Centre ခန်းမတွင် တောင်သူအသိပညာပေး Talk Show ပြုလုပ်
Dec 17,2021
မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တောင်သူ အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ(၂)နာရီက၊ အဆိုပါရုံးရှိ Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီ ပြိုင်ပွဲကျင်းပ
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် မြို့နယ်အဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် အ.ထ.က (တပ်ကြီးကုန်း) ကျောင်း၌ ကျင်းပခဲ့သည်။
ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Dec 17,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) လူငယ်များပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ် အား စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။
မချမ်းဘော့မြို့ Community Centre ခန်းမတွင် အွန်လိုင်းမှတဆင့် လူငယ်နှင့်အချိန် အသိပညာပေး ဟောပြော
Dec 17,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း အများပြည်သူ၊လူငယ်မောင်မယ်များအတွက် အချိန်ကိုကောင်းမွန်စွာ အသုံးချအသုံးပြုလာနိုင်စေရန်အတွက် ဆရာ ဦးယောဟန်က အွန်လိုင်းမှတဆင့် လူငယ်နှင့်အချိန် ခေါင်းစဉ် ကို ဒီဇင်ဘာ(၁၇)ရက် မွန်းလွှဲ(၁)နာရီက မြို့နယ် Community Centre ခန်းမ၌ဟောပြောသည်။