လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများနှင့် ​ဟော​ပြောပွဲ၊ စာအုပ်စာ​စောင်ပြပွဲများ ကျင်းပ ပြုလုပ်

ရေတာရှည် ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယ​နေ့ နံနက်ပိုင်းက (၇၄) နှစ်​မြောက်လွတ်လပ်ရေးနေ့အကြို​ အားကစား ပြိုင်ပွဲ များနှင့် ဟော​ပြောပွဲ၊ စာအုပ်စာ​စောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အာလူး​ကောက်ပြိုင်ပွဲ၊ စ​ကောရွက်ပြိုင်ပွဲနှင့် သုံး​ချောင်း​ထောက်အ​ပြေးပြိုင်ပွဲ များအား ကျင်းပပြုလုပ်ခဲ့သည်။  ထို့​နောက် (Community Centre)ခန်းမတွင် (၇၄)နှစ်​မြောက် လွတ်လပ်​ရေးနေ့ အထိမ်းအမှတ်အကြို ဟော​ပြောပွဲကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်​အေးဆုစံက လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သော မြန်မာနိုင်ငံအဖြစ်သို့ လွယ်လင့်တကူ ရောက်ရှိလာခဲ့ရ သည်မဟုတ်ဘဲ မဆုတ်မနစ်သော ဇွဲ၊ အနိုင်မခံ အရှုံးမပေးသောစိတ်ဓာတ်၊ ရဲရင့်နီစွေးသော သတ္တိသွေးများဖြင့် ဘိုးဘွားတို့၏ အသက်၊သွေး၊ ချွေး များဖြင့် တည်ဆောက်ထားခဲ့ရ​ကြောင်း သတိရ၍ မျိုးချစ် စိတ်ဓါတ်ရှင်သန်ထက်မြက်စေရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်​ကြောင်းနှင့် လွတ်လပ်ရေးနေ့အ​ကြောင်း သိ​ကောင်းစရာများကို ဟော​ပြော​ဆွေး​နွေးခဲ့သည်။

ဆက်လက်၍ အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်​ပေးအပ်ခဲ့ပြီးနောက် တက်ရောက် လာသည့် အ.လ.က(ခွဲ) အမှတ်() ရပ်ကွက်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထား​သော အသိပညာ​ပေးနံရံကပ် စာ​စောင်နှင့် စာအုပ်စာ​စောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြ​​ကြောင်း သိရသည်။