ကဝ ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ပိုင်းကငါးထပ်ကြီးဘုရား ရင်ပြင်တော်တွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်းသီးနှံချေးငွေများကို ခနာကျေးရွာ၊ ခမေကြီးကျေးရွာ၊ မြောက်ဈေးဖလုံကျေးရွာနှင့် ညောင်ပင် ကျေးရွာ များမှ တောင်သူ(၁၄၀)ဦးတို့အား တစ်ဧကလျှင်ကျပ်တစ်သိန်းနှုန်းဖြင့် ဆောင်းသီးနှံစိုက်ပျိုးဧက (၉၀၂)အတွက် ချေးငွေကျပ်(၉၀၂၀၀၀၀၀)ကို ထုတ်ချေးပေးခဲ့ပြီး ယနေ့အထိ ကဝမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၁)ရွာမှ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူ (၄၈၅)ဦးတို့အား ထုတ်ချေးငွေ စုစုပေါင်းကျပ် (၃၂၈၆၀၀၀၀၀) ထုတ်ချေးပြီး ဖြစ်ကြောင်း ကဝမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရှိရသည်။